Surprise Me!

ဘိန်းအစားထိုး သီးနှံများကို KNU\KNLA ငြိမ်းချမ်းရေးကောင်စီက စီးပွားဖြစ်စိုက်ပျိုးသွားမည်။

2017-06-20 1 Dailymotion

အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်၊ KNU\KNLA ငြိမ်းချမ်းရေးကောင်စီဟာ သူတို့ရဲ့ ရန်ကုန်မြို့မှာပထမဆုံးဖွင့်လှစ်လိုက်တဲ့ ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီအုပ်စုကနေပြီး မြို့ပြစီမံကိန်း၊ ဓာတ်သတ္တုရှာဖွေရေး၊ စိုက်ပျိုးရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အစိုးရရဲ့ သဘောတူညီချက်မှုနဲ့အညီ အချိန်(၃)နှစ်အတွင်း အောင်မြင်အောင်လုပ်ဆောင်သွားတော့မည်ဟု သိရသည်။<br />ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီအုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး စောသြဂတ်က စိုက်ပျူိုးရေးကဏ္ဍအနေနှင့် ဘိန်းအစားထိုး မက်ကဒေးမီးယားသီးနှံတမျိုးကို ယင်းတို့၏ထိန်းချုပ်မှု ဒေသများတွင် ဧကပေါင်း(၃၀၀၀)အထိ စီးပွားဖြစ်စိုက်ပျိုးသွားမည်ဟု ပြောသည်။<br /><br />ထိုမက်ကဒေးမီးယားသီးနှံသည် စားပင်တမျိုးဖြစ်ပြီး သံလွင်ဆီဈေးထက်ပင် ကမ္ဘာတွင် ဈေး(၂)ဆပိုပေါက်ဈေးရှိသည်ဟု၍လည်း ဒုတိယဗိုလ်မှူးကြီး စောသြဂတ်ကပြောသည်။

Buy Now on CodeCanyon